Kill Your Lover

ချစ်သူစုံတွဲတစ်တွဲရဲ့ toxic relationship အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ တစ်ချိန်ကပူပူနွေးနွေးဆက်ဆံရေးတစ်ခုရှိခဲ့တဲ့စုံတွဲတစ်တွဲဟာ အချိန်ကြာလာတာနဲ့အမျှနာကြည်းမှုတွေစုံပြုံလာပြီးအဆိပ်သင့်မှုတွေဖြစ်လာခဲ့တယ်။  မျိုသိပ်ခဲ့တဲ့အရာတွေပေါက်ကွဲထွက်လာတဲ့အခါ အနက်ရောင်သွေးကြောတွေဖြစ်ပေါ်လာပြီး အက်စစ်အရည်တွေထွက်လာတာကိုသရုပ်ဖော်ပြထားပုံက အရမ်းပညာဆန်တယ်လို့ပြောရမှာပါပဲ။ ကိုယ်ကိုယ်တိုင်လောင်ကျွမ်းရုံမက ကိုယ်နဲ့ထိတွေ့တဲ့သူတွေကိုပါ လောင်ကျွမ်းစေတာကိုဒီဇာတ်လမ်းမှာဖော်ပြထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေမှန်းသိကြတဲ့အခါ ငြိမ်းငြိမ်းချမ်းချမ်းလမ်းခွဲလိုက်ခြင်းဟာ အထိအခိုက်အနဲဆုံးနဲ့အမှန်ကန်ဆုံးဖြစ်ကြောင်းသင်ခန်းစာယူခဲ့ရပါတယ်။ ဒီဇာတ်လမ်းကိုကြည့်ပြီးရင်အတွေးတစ်ခုခုကျန်ခဲ့နိုင်တာမို့ တစ်ခါလောက်တော့ကြည့်ရှုသင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။

You May Also Like