Abigail

ဒီကားလေးကတော့ ရုံတင်ကတည်းက ကြည့်ရှုသူတွေကြားမှာ ဇာတ်ရှိန်အရမ်းတက်ပြီး ကြည့်ရတာ တန်တယ်လိုသတင်းတွေ ထွက်နေတဲ့ Abigail ဆိုတဲ့ horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ 

ပြန်ပေးသမား အုပ်စုတစ်စုက အသက် ၁၂ ရွယ် အက်ဘီဂေးလ်ဆိုတဲ့ ကောင်မလေးကို အိမ်ကြီးတစ်အိမ်မှာ ပြန်ပေးဆွဲဖို ဖမ်းထားကြပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ ဖခင်က အင်အားကြီးသူတစ်ယောက်ဆိုတာ သိသွားပြီး ကလေးမလေးကို ဖမ်းဆီးထားခြင်းက အပြစ်ရှိသလို ခံစားလာကြရပါတယ်။ 
ဒါပေမယ့် သူတိုဖမ်းထားတဲ့ အက်ဘီဂေးလ်က သာမန်ကလေးတစ်ဦးမဟုတ်ဘဲ သွေးဆာနေတဲ့ ဗန်ပိုင်းယားတစ်ကောင်ဆိုတာ သူတို သိလာရပါတော့တယ်။ 

တစ်ယောက်ပြီးတစ်ယောက်ကို ဒုက္ခပေးနေတဲ့ အက်ဘီ‌ဂေးလ်ကို နှိမ်နင်းဖို သူတို နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပေမယ့် မအောင်မြင်ကြတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။

You May Also Like