6 Hours Away

2024 ကပဲ ထွက်ရှိထားခဲ့တဲ့ 6 hours away ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့ စွန့်စားခန်းတွေအပြည့်နဲ့ action ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် တကယ့်ကို အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး‌ကောင်းပဲဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ ဇနီးနဲ့ သမီးဖြစ်သူတိုနဲ့ ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမယ့် တစ်နေ့မှာ ဇနီးဖြစ်သူကို ပြန်ပေးဆွဲခံလိုက်ရတဲ့ အခါမှာ  ဇနီးဖြစ်သူကို ကယ်တင်နိုင်ဖို တစ်ခုတည်းသော နည်းလမ်းက ခြောက်နာရီအတွင်း ပစ်မှတ်ခြောက်ယောက်ကို သတ်ပစ်ဖိုနည်းလမ်းပဲ ရှိတဲ့အခါ၊ တကယ်ပဲ လူခြောက်ယောက်ကို ခြောက်နာရီအတွင်းမှာ သတ်နိုင်ပါ့မလား။ လူတွေကို သတ်ရုံနဲ့ မိသားစုကိုရော ကယ်တင်နိုင်ပါ့မလား။မိသားစုအချင်းချင်းကြားမှာ ရှိတဲ့ လျှိဝှက်ချက်တွေကရော ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ လှည့်ကွက်တွေနဲ့ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်း ရိုက်ကူးထားပြီး action ခန်းတွေ၊ မိသားစုကြားက မေတ္တာတရား‌တွေကို ရသစုံခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

You May Also Like