A Sacrifice (2024)

" သေခြင်းတရားဟာ ဘဝသစ်တစ်ခုကို ရစေတယ်၊ ဆုပ်ကိုင်ထားသမျှကို စွန့်လွှတ်လိုက်ရင် ပေါ့ပါးသွားမယ် လွှတ်ချလိုက်ပါတဲ့ " အဲလိုအတွေးတွေနဲ့ နေထိုင်ကြတဲ့  ဝိဉာဉ်စုပေါင်းတဲ့အသိုင်းအဝန်းဆိုတာ ရှိပါတယ်။ တစ်နေ့ လူမှုဗေဒစိတ်ကုသရေးပညာရှင် ဘင် တစ်ယောက်ဟာ လူနာတစ်ယောက်ကို သွားရောက်ကုသပေးခဲ့ပါတယ်။ သူအင်တာဗျူးခဲ့တဲ့ လူနာက သူ့ကို အခန်းထဲကနေတောင် အတွေမခံဘဲ မှန်တစ်ချက်ခြားပြီးအင်တာဗျူးခံပါတယ်။ လူနာရဲ့ စိတ်ရောဂါက အွန်လိုင်းမှာပဲနေပြီး အွန်းလိုင်းဂိမ်းတွေကစားပြီး အွန်လိုင်းမှာပဲ သူငယ်ချင်းတစ်ယောက်ရခဲ့ရာကနေ စခဲ့ပါတယ်။ သူ့ရဲ့ အွန်လိုင်းက မိတ်ဆွေက " ဖြစ်တည်မှုက စဉ်ဆက်မပြတ် သေဆုံးခြင်းနဲ့  ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အထီးကျန်ဆန်တဲ့ ခရီးတစ်ခုပါ  ဒါပေမဲ့ ငါမင်းကို တွေ့လိုက်ရပြီ မင်းရဲ့ နာကျင်မှုကို ငါခံစားမိတယ် မင်းက ငါတိုရဲ့ မိသားစုဝင်ပါ မင်း ဘယ်တော့မှ တစ်ယောက်တည်း မနေရတော့ပါဘူး " လိုပြောပြီး သိမ်းသွင်းစည်းရုံးခဲ့ပါတယ်တဲ့။ အဲလိုလူနာကို ကုသနေတုန်းမှာပဲ ဘင့်ဆီကို မက်စ် ဆီက ဖုန်းဝင်လာတယ် ။ ဒါကတော့ ဘင်အမြဲအဖြေရှာနေတဲ့ လူသေမှုတွေရဲ့ အကြောင်းအရင်းပါပဲ။ အဲဒီသေဆုံးသူတွေက ပါးမှာ ပြာသုတ်ထားပြီး ပါးစပ်ထဲမှာလည်း ခရုခွံလိုအပြားလေးတွေရှိနေတတ်ပါတယ်။ ဘင်အမြဲ အဖြေရှာလိုမရဘဲဖြစ်နေတုန်းမှာ မထင်မှတ်ပဲ သဲလွန်စတစ်ခုရလိုက်ပါတယ်။ အဲဒါက စိတ်ဝိဉာဉ်စုဆောင်းပွဲအကြောင်းပါပဲ။ နောက်ပိုင်း ဘင်ရဲ့ သမီးလေးပါ အဲဒီအဖွဲနဲ့ ဆက်သွယ်မိပြီး သေလုနီးပါးဖြစ်ခဲ့ရပါတယ်။ အဲဒီလူသေမှုတွေက ဘယ်လိုဖြစ်ပြီး စိတ်ဝိဉာဉ်စုဆောင်းပွဲနဲ့ ဆက်စပ်မှုရှိနေတာလဲ၊ ဘင်ကရော သူ့သမီးလေးကို ဘယ်လိုကယ်တင်မလဲ၊ စိတ်ဝိဉာဉ်စုဆောင်းပွဲက လူတွေက ဘယ်လိုလူမျိုးတွေရှိနေတာလဲဆိုတာ အေးအေးဆေးဆေးကြည့်ပြီး အတွေးတွေပွားစေမဲ့ ကားလေးပါနော်။

You May Also Like