The Strangers: Chapter 1

အခုတလော Horror ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Horror/ Slasher ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက 2008 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Strangers ကို remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတာဖြစ်တဲ့အတွက် အားလုံးနဲ့စိမ်းမှာမဟုတ်တာတော့ သေချာပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ကျောချမ်းစရာမြိုငယ်လေးတစ်မြိုမှာ ကားပျက်သွားတဲ့အတွဲတစ်တွဲဟာ တောထဲကသစ်လုံးအိမ်လေးတစ်အိမ်မှာ ညအိပ်တည်းခိုဖို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီညမှာပဲသူတိုဟာ မျက်နှာဖုံးစွပ်လူစိမ်းသုံးယောက်ရဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်။

ဒီစိတ္တဇလူသတ်သမားတွေရဲ့လက်ကနေလွတ်အောင် သူတိုတွေဘယ်လိုကြိုးစားကြမလဲ၊ တကယ်ရောလွတ်မြောက်သွားမလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ plot twist အနေနဲ့ များများစားစားမပါပေမဲ့ အားလုံးလည်း စောင့်မျှော်နေကြတဲ့ကားသစ်လေးဖြစ်တာမို ကြည့်ဖြစ်အောင်ကြည့်ကြဖို တိုက်တွန်းချင်ပါတယ်။

You May Also Like