Blackmail, Lies and Murder

အခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ 2024 ထွက် Thriller အမျိုးအစား Blackmail, Lies, and Murder ဆိုတဲ့ ဇာတ်ကားပါ။ 

ဒီဇာတ်ကားထဲမှာတော့ ယောက်ျားဖြစ်သူရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို တိတ်တဆိတ် ခံနေရတဲ့ ခရစ္စတင်းနဲ့ ယောက္ခမဖြစ်သူရဲ့ လူရှေ့သူရှေ့မရှောင် ပုတ်ခတ်ပြောဆိုခြင်းတိုကို အံကြိတ်သည်းခံနေရတဲ့ ‌ကန်ဒေ့စ် ။

သူတိုရဲ့စိတ်နှလုံးသားကို တရိရိ တနုံနုံနဲ့ အဆင်မပြေ နာကျင်အောင် လုပ်နေတဲ့ ယောက်ျားဖြစ်သူနဲ့ ယောက္ခမဖြစ်သူကို နှစ်ဦးသား အပြန်အလှန် စာရင်းရှင်း လက်စဖျောက်ပစ်ဖိုရန်အတွက် ခရစ္စတင်းမှ ကန်ဒေ့စ်ကို စတင်ချဉ်းကပ်ပြီး သူ့ပလန်နဲ့သူ ရှေ့မကြည့် နောက်မကြည့် လုပ်ချပစ်လိုက်တဲ့အခါ ။

လူသတ်ရင် အဖမ်းခံရဖိုက များတယ်ဆိုပေမယ့်လည်း smart ကျကျ လှုပ်ရှားရင်တော့ မဖမ်းမိနိုင်လောက်ဘူးဟု ဆိုကာ သာမန် ဖြစ်ရိုးဖြစ်စဉ်အတိုင်း သူ့အကြောင်းနဲ့သူ သေဆုံးသွားကြတယ် ဆိုတဲ့အကွက်မျိုးဆင်ပြီး လူသတ်မှုကို ကျူးလွန်ခဲ့ပြီးတဲ့အခါ ။

သူတိုရဲ့အစီအစဥ်အတိုင်း Smart ကျကျပဲ လွတ်သွားမလား၊ ထောင်နန်းပဲ စံသွားရမလားဆိုတာကိုတော့ ဒီ Blackmail, Lies, and Murder ဆိုတဲ့ ဇာတ်ကားလေးထဲမှာ ဆက်ဆက်ကြည့်ရှု ခံစားကြည့်လိုက်ပါဦးခင်‌ဗျာ။ ကျေးဇူးတင်ပါတယ်။

You May Also Like