Insidious: The Red Door

လိပ်ပြာလွင့်ရာကနေ မကောင်းဆိုးဝါးဝိညာဉ်တွေနဲ့တွေ့တဲ့ Insidious ရုပ်ရှင်စီးရီးရဲ့ငါးကားမြောက်ပါ ထူးခြားချက်က ဒီInsidious နဲ့ Conjuring ရုပ်ရှင်တွေရဲ့မင်းသား Patrick Wilson ကိုယ်တိုင် ပွဲဦးထွက်ဒါရိုက်တာအနေနဲ့ ရိုက်ထားတဲ့ကားဖြစ်ပါတယ် ပထမကားတွေရဲ့တိုက်ရိုက်အဆက်ဖြစ်ပြီး ရှေ့ကားတွေကြည့်ထားရင် ပိုအချိတ်အဆက်မိပါလိမ့်မယ်
ဇာတ်လမ်းအကျဉ်း
လွန်ခဲ့တဲ့ ၉ နှစ်က ဂျော့ရှ် နဲ့ ဒေါလ်တန်တိုသားအဖဟာ လိပ်ပြာလွင့်တဲ့အဖြစ်အပျက်ကို အိပ်မွေ့ချပြီးမေ့ဖျောက်ခဲ့ကြပါတယ် လက်ရှိမှာတော့ ဂျော့်ရှ်က အိမ်ထောင်ကွဲပြီး သားသမီးတွေနဲ့လည်း နီးနီးစပ်စပ်မရှိတော့ပါဘူး
ဒေါလ်တန် ကတော့ ပန်းချီကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာမက စိတ်အနက်ရှိင်းဆုံးအတွင်းမသိစိတ်ထဲက ပုံကိုဆွဲခိုင်းတဲ့အခါ အနီရောင်တံခါးတစ်ခုကိုဆွဲလိုက်မိပါတယ် 
နောက်ပြီး သားအဖနှစ်ယောက် The Further လိုခေါ်တဲ့ ပရလောကထဲက မကောင်းဆိုးဝါးတွေဆီမှာ ဘယ်လိုခြောက်လှန့်ခံရမလဲ သူတိုရဲ့ပုဂ္ဂိုလ်ရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာတော့... 
ရှုစားလိုက်ကြပါဦးဗျာ

You May Also Like