လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက်ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့တစ်ဦးတည်းသောသားလေး ရှိပါတယ်။သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်….သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေစလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ…သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူကဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်…အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ရှိခဲ့ရာကနေ..အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှသူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း…သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကိုစတင်ရှာဖွေပါတော့တယ်…အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကိုရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေးရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။