Borderlands (2024)

ဒီကားလေးကတော့ 2024 မှာ ထွက်ရှိလာတဲ့ Sci-fi Action ရုပ်ရှင်အမျိုးအစား‌လေးဖြစ်ပါတယ်  မင်းသမီးကြီး Cate Blanchett ပါဝင်ထားပြီး location အနေနဲ့ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတာမဟုတ်ပဲ  ပန်ဒိုရာဂြိုလ်မှာ plot ချထားတာတွေ့ရပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးကို အုပ်စိုးခဲ့ကြတဲ့ အီရစ်ဒီယန်း ဂြိုလ်သားတွေက  ပန်ဒိုရာဂြိုလ်မှာရှိတဲ့ အလုံခန်းတခုထဲမှာ ရတနာတွေထားခဲ့ကြတယ် အလုံခန်းကို အီရစ်ဒီယန်းရဲ့သမီးတော်ကပဲ ဖွင့်နိုင်တယ်လို့ ဟောကိန်းရှိခဲ့တယ် ‌ဒီရှေးဟောင်းရတနာကို လိုချင်တဲ့ သိပ္ပံပညာရှင် အက်တလက်စ်က အလုံခန်းသော့တစ်ခုကို ရှာတွေ့ပြီး အဲ့‌ဒီသော့မှာ စွန်းနေတဲ့ အီရစ်ဒီယန်းသွေးစကို ကလုန်းပွားပြီး‌ တီနာဆိုတဲ့ ကောင်မလေးတစ်ယောက်  ဖန်တီးခဲ့တယ် တနေ့မှာ တီနာကို အက်တလက်စ်ရဲ့ သက်တော်စောင့် ‌ကြက်သွေးရောင်လှံအဖွဲ့က ရိုလန်က ပြန်ပေးဆွဲသွားတယ်  ဒီလိုနဲ့ တီနာ့ကို ရှာဖို့ ‌ကြေးစားမုဆိုး လိလစ် (Cate Blanchett) ကိုငှားပြီး ပန်ဒိုရာဂြိုလ်ပေါ်ကို လွှတ်လိုက်တယ် တီနာကို လိလစ်ပြန်ခေါ်နိုင်ပါ့မလား....  တီနာက အလုံခန်းတံခါးကိုဖွင့်နိုင်ပြီး အက်တလက်စ် လိုချင်တဲ့ ရတနာတွေကို ယူပေးနိုင်မှာလား ဆိုတာ  ကြည့်ရှုခံစားလိုက်ကြပါဦး

You May Also Like