The Union

ကဲ...ဒီတစ်ခါမှာတော့ အက်ရှင်ကားကြိုက်ပရိတ်သတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကတော့ IMDb rating 6.3/10 ထိ ရရှိထားတဲ့  "The Union" ဆိုတဲ့ ဇာတ်ကားလေးပါပဲ။

ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင်တော့ ဆောက်လုပ်ရေးအလုပ်သမားဘဝနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ 'မိုက်' တစ်ယောက် သူ့ရဲ့ အထက်တန်းကျောင်းက ရည်းစားဟောင်းလေး 'ရော့ဇိန်း' ဆီကနေပြီး ထူးထူးဆန်းဆန်းအလုပ်တစ်ခု လက်ခံရခဲ့ပါတယ်၊ အဲ့အလုပ်ကတော့ 'ယူနီယံ' လိုခေါ်တဲ့ လျှိဝှက်ထောက်လှမ်းရေးအဖွဲက သစ္စာဖောက်တစ်ယောက် ခိုးယူသွားတဲ့  CIA က သတင်းအချက်အလက်တွေကို ပြန်ပြီးရယူဖိုပါပဲ၊ ရုတ်တရက်ကြီး ဆောက်လုပ်ရေးသမားဘဝကနေ လျှိဝှက်ထောက်လှမ်းရေးစုံထောက် ဖြစ်သွားတဲ့ မိုက် ကတော့ ရည်းစားဟောင်းလေးနဲ့ ပူးပေါင်းပြီး သစ္စာဖောက်တွေကို နှိမ်နင်းဖို ကြိုးစားရတော့တာ‌ပေါ့၊ သူတိုနှစ်ယောက်ရဲ့ ငယ်ရည်းစား သံယောဇဉ်လေးနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမရင်း အက်ရှင် ဇာတ်ကွက်တွေကြား ကြည်နူးစရာလေးတွေလည်း ပါသေးတာမို ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲနော်။

You May Also Like