Colors of Evil: Red (2024)

Tri-City ကမ်းခြေမှာအမျိုးသမီးတစ်ဦးရဲ့အ​လောင်းကို ရှာဖွေတွေ့ရှိရက​​နေစပြီးအ​​​လောင်းရဲ့ ပုံမှန်မဟုတ်သောဖြတ်တောက်မှုကလူသတ်မှုကို ပို​​ပြီးထင်ရှာ​အောင်ထောက်ပြ​နေပါတယ်။ အဆိုပါစုံစမ်းစစ်ဆေးမှုကို ရည်မှန်းချက်ကြီးပြီး ရဲရင့်သောအစိုးရရှေ့နေ လီအိုပတ်ဘီစကီ က ဦးဆောင်ခဲ့ပါတယ်။ တရားခံရဲ့မိခင်တရားသူကြီး ဟယ်လီနာကလည်းစုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခဲ့ပါတယ်။ သဲလွန်စအားလုံးက လွန်ခဲ့သော 15 နှစ်က အမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်တဲ့ ပင်လယ်ကမ်းခြေကလပ်တစ်ခုဆီသို့ဦးတည်သွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုအတွင်းစုဆောင်းရရှိထားသော အချက်အလက်များနှင့် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသည့် အထောက်အထားများမှ လူသတ်တရားခံဟာ..ဘယ်သူဖြစ်မလဲဆိုတယကိုကြိုးစားဖော်ထုတ်သွားတဲ့ဇာတ်ကားလေးတစ်ပုဒ်ပဲ​ဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်များစွာနဲ့ဇာတ်လမ်းအလှည့်အပြောင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ကားလေးဖြစ်တာမို့...ကြည့်ဖြစ်အောင်ကြည့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်မျာ...။

You May Also Like