Arcadian

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိလာတဲ့ မင်းသားကြီး Nicolas Cage ရဲ့ သဘာဝလွန်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ပေါလ်က သူ့ရဲ့ အမွှာသားနှစ်ယောက်ဖြစ်တဲ့ ဂျိုးဆပ်၊ သောမက်စ် တိုနဲ့ အတူ လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတိုနေထိုင်ရာနေရာက နေ့ဘက်ဆို အေးချမ်းတည်ငြိမ်နေပေမယ့် ညဘက်ရောက်လာတဲ့အခါ ဆိုးရွားတဲ့ အကောင်တွေ ထကြွသောင်းကျန်းတတ်ကြပါတယ်။ ဒါကြောင့် နေဝင်တဲ့အခါ လူတိုင်း အိမ်ထဲမှာနေရာကနေ ဒီအကောင်တွေက အိမ်ရဲ့ ကြမ်းပြင်ထိ ဖောက်ပြီး အိမ်ထဲ ဝင်ရောက်လာကြတဲ့အခါ သူတို သားအဖသုံးယောက် ဒီ အန္တရာယ်ကနေ အသက်ရှင်ဖို ဘယ်လို ကြိုးစားရုန်းကန်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။

You May Also Like