Twisters

ဇာတ်လမ်းအကျဉ်းကတော့
ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီးလေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။သူကအရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာသူငယ်ချင်းတွေနဲ့ချစ်သူဂျက်ဘ်ကို ဆုံးရှုးလိုက်ရလို နယူးယောက်မှာပဲသာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ အေးအေးဆေးဆေးလုပ်ကိုင်စားနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းကိစ္စဖြစ်တုန်းကအသက်ရှင်ကျန်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဟာဗီးက လေဆင်နှာမောင်းတွေကိုစစ်တပ်ကနည်းပညာအသစ်တွေနဲ့လေ့လာဖို အကူအညီတောင်းလာပါတယ်။ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာစွန့်စားခန်းတွေပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလားလေဆင်နှာမောင်းကိုရပ်တန့်နိုင်မလား၊ လူတွေကို ကယ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီကားကတော်တော်လေးလန်းပါတယ်။ action adventure thriller typeဖြစ်ပြီး Twister 1996 ရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့အတွက်မူလပရိသတ်ရောပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။

You May Also Like