The Legend of Ochi (2025)

ဒီဇာတ်ကားလေးကတော့ 2025 မှာထွက်ရှိလာတဲ့ sci-fi ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် မင်းသားကြီး Willem Dafoe က သမီးတစ်ယောက်ဖခင်တစ်ယောက်အနေနဲ့ပါဝင်ထားပါတယ်။ IMDB 6.2ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှေးတုန်းက သစ်တောတွေထဲမှာနေတဲ့သတ္တဝါတွေဖြစ်တဲ့ အိုချီဆိုတဲ့အကောင်လေးတွေနဲ့ လူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး သေကြေပျက်စီးခဲ့တယ်လို ဒဏ္ဍာရီတွေရှိခဲ့ဖူးတယ်။ဒါကြောင့် သမီးယူရီကို အိုချီတွေနဲ့ဝေးဝေးနေဖို၊ တိုက်ခိုက်တတ်ဖိုသင်ပေးခဲ့တယ်။ ဒါပေမဲ့တစ်နေ့မှာ အိုချီပေါက်စလေးက ထောင်ချမိနေပြီး ယူရီကကယ်တင်ပေးခဲ့ပါတယ်။ ယူရီက အကောင်လေးကိုသနားသွားပြီး သူ့အဖေမသိအောင် အိုချီတွေနေတဲ့နေရာဆီပြန်ပိုပေးဖိုကြိုးစားပါတော့တယ်။ လူအနံ့စွဲနေတဲ့အိုချီလေးကို သူ့မျိုးရိုးကပြန်လက်ခံပါ့မလား။အိမ်ပြန်ပိုပေးတဲ့လမ်းတလျှောက် ကြုံတွေ့ရတဲ့အခက်အခဲတွေကို survive လုပ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။

You May Also Like