Stanford တက္ကသိုလ်ရဲ့ စိတ်ရောဂါအထူးပြု ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ရှောန် ဟောလ်တန်က သူ့ရဲ့မွေးရပ်မြေမြိုလေးကို ပြန်ပြီးအိပ်မွေ့ချကုထုံး ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေရဲ့နာကျင်မှုတွေကို ကုစားဖို ကူညီပေးနေခဲ့တယ် ကတ်သီကတော့ နှစ်ရှည်လပေါင်းများစွာ ကုသလိုမရနိုင်တဲ့ ခါးနာကျင်တဲ့ဒဏ်ကို ခံစားနေရပြီးသူမရဲ့သူငယ်ချင်းရဲ့ ညွှန်ပေးမှုကြောင့် ဒေါက်တာရှောန် ဟောလ်တန်ဆီရောက်လာခဲ့တယ်…ခါးနာတာလိုမျိုး ကိုယ်ခန္ဓာနာကျင်တဲ့ ရောဂါကိုရော အိပ်မွေ့ချဆရာဝန်တစ်ယောက်က ကုသပေးနိုင်မှာလား တစ်ဖက်မှာလည်းဘရိုင်ယန်ကတော့ သူ့ဇနီးဖြစ်သူ ပျောက်နေပြီး မြိုအနှံမှာ လိုက်ရှာနေခဲ့တယ်…ထူးဆန်းတာတစ်ခုကတော့ ဘရိုင်ယန်ရဲ့ အိမ်မှာညတိုင်း သရဲခြောက်တဲ့ဖြစ်ရပ်တွေကို ကြုံတွေ့နေရတယ်…အဲဒါကြောင့် ဘရိုင်ယန်လည်း ဆွေးနွေးမှုလုပ်ဖို ဒေါက်တာရှောန်ဟောလ်တန်ဆီကို သွားခဲ့တယ် ဘရိုင်ယန်ရဲ့ ဇနီးကရော ဘယ်ကိုရောက်နေတာဖြစ်မလဲ… သရဲခြောက်တဲ့ဖြစ်ရပ်ကရော ဘယ်လိုကြောင့် ဖြစ်နေရတာလဲ…မြိုထဲကလူတွေ အိမ်မွေ့ချဆရာဝန်ဆီမှာ လာရောက်စုံကြပြီးဘယ်လိုဖြစ်ရပ်တွေဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်လိုက်ကြပါဦးနော်….