Home Alone 2: Lost in New York

:ဒီကားလေးကတော့ခရစ်စမတ်မှာမိသားစုနဲ့အတူကြည့်သင့်တဲ့ငယ်ဘ၀အမှတ်တရကားကောင်းလေးပါ Home Alone 1မှာအိမ်မှာကျန်ခဲ့တဲ့ကယ်ဗင်တစ်ယောက်ဒီတစ်နှစ်ခရစ်စမတ်မှာတော့အိမ်မှာမကျန်ခဲ့ပေမဲ့သူ့မိဘတွေနဲ့အတူလေယာဥ်စီးတဲ့နေရာမှာကွဲသွားပြီးနယူးယော့ခ်ကိုတစ်ယောက်တည်းရောက်သွားပါတော့တယ် သူ့အဖေရဲ့အကြွေး၀ယ်ကတ်တွေနဲ့ပိုက်ဆံတွေပါတဲ့အိတ်ကသူ့ဆီမှာဆိုတော့ကယ်ဗင်တစ်ယောက်နယူးယောက်ကအကောင်းဆုံးဟိုတယ်မှာသွားတည်းပြီးကောင်းကောင်းပျော်ပါတော့တယ် ဒါပေမဲ့ဖြစ်ချင်တော့ပထမပိုင်းတုန်းကသူထောင်ထဲပိုခဲ့တဲ့ဟယ်ရီနဲ့မာ့ဗ်တိုကထောင်ဖောက်ပြေးလာပြီးနယူးယော့ခ်မှာရောက်နေတဲ့အခါ Home alone 2မှာလဲ ကယ်ဗင်တစ်ယောက်ဘယ်လိုလှည့်ကွက်တွေသုံးပြီးလူဆိုးတွေကိုဒုက္ခပေးမလဲဆိုတာကြည့်ရှူရမှာပဲဖြစ်ပါတယ်

You May Also Like