Wingwomen (2023)

Netflix ရဲ့ အက်ရှင်ကားကောင်း‌ ကားသစ်လေးတင်ဆက်ပေးလိုက်ပါပြီ။ သူလျှိုဂိုဏ်းကနေ အေးဂျင့်တွေအဖြစ် လုပ်ကိုင်ရင်း လက်ရွေးစင်တွေဖြစ် လာတဲ့ ကာရိုးနဲ့ အဲလက်စ်ဆိုတဲ့ အမျိုးသမီး ၂ ယောက်ရှိပါတယ်။ မိန်းမတွေ ဆိုပေမယ့် လျှော့တွက်လို့မရတဲ့ ဓားပြတိုက် လူသတ် လုပ်ကြံစတဲ့ လက်ရွေးစင် လူသတ်သမားတွေပေါ့။ သူတို့နှစ်ယောက်ဟာ မစ်ရှင်များစွာလုပ်ရင်း နောက်ဆုံးမှာ အနားယူကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကြီးက သူတို့ကိုအမျိုးမျိုး မနားဖို့စည်းရုံးနေပေမယ့် ဘယ်လိုမှ ညှိမရတာကြောင့် သူတို့နှစ်ယောက်ကို လက်စသပ် အစဖျောက်ဖို့အမျိုးမျိုးကြိုးစားပါတော့တယ်။ ကိုယ့်ရဲ့ ဂိုဏ်းသား တွေနဲ့ ပြန်ရင်ဆိုင်တွေ့တဲ့အခါမှာ ဘယ်လိုမျိုးရင်ဆိုင်တိုက်ခိုက်ကြလဲဆိုတာကို အက်ရှင်ခန်းကောင်းကောင်းတွေနဲ့ ရိုက်ပြသွားတာဖြစ်ပါတယ်။ မင်းသမီး အလန်းလေး ၂ ယောက်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်

You May Also Like