Wolf Man (2025)

အော်ရီဂန်အလယ်ပိုင်းက တောင်တန်းတွေပေါ်မှာ နယ်ခံတွေကြောက်ကြတဲ့ ရောဂါတစ်ခုရှိတယ်။တောင်ကုန်းအဖျားရောဂါလိုခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ ဘာဖြစ်လိုကြောက်တာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရမှာပါ။ ဘလိတ်၊ ချားလော့ နဲ့ ဂျင်ဂျာ တိုမိသားစုလေးဟာဘလိတ်ရဲ့အဖေ ဆုံးသွားလို ငယ်ငယ်ကအိမ်လေးကို ပြန်လာပြီးပစ္စည်းတွေသိမ်းကြပါတယ်။ အိမ်က ထုံးစံအတိုင်း တောထဲ လူမရှိလိုင်းမမိ မှောင်မည်းနေတဲ့နေရာကို သွားရတာပါ။ အဲဒီလမ်းမှာပဲ အက်ဆီးဒန့်တစ်ခုဖြစ်ပြီး သတ္တဝါတစ်ကောင်တိုက်ခိုက်လာတာကို ခံရတဲ့အခါ ဘလိတ်ရဲ့ အိမ်ဟောင်းလေးထဲကနေအဲဒီသတ္တဝါကို တစ်ညလုံးခုခံထားပြီးအသက်ရှင်ဖို ကြိုးစားရပါတော့တယ်။ 

You May Also Like