Damsel

ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ IMDb 7.8 ရရှိထားတဲ့ Fantasy/ Adventure ကားလေး Damsel(2024) ပဲဖြစ်ပါတယ် ပုံပြင်တွေ ဒဏ္ဏာရီတွေထဲမှာ မင်းသမီးလေးတွေကို အသက်ဘေးကနေ အခက်အခဲတွေကနေ မင်းသားလေးတွေက ကယ်တင်ပေးနေကြဖြစ်ပေမယ့် ဒီဇာတ်ကားလေးကတော့ တမူထူးခြားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စားနပ်ရိက္ခာပြတ်တောက်ပြီး ခက်ခဲနေတဲ့ တိုင်းပြည်တစ်ခုဆီ လက်ထပ်ခွင့်တောင်းလွှာတစ်စောင်ရောက်ရှိလာတဲ့အတွက် မင်းသမီးအယ်လိုဒီ ညီမဖြစ်သူ ဖလော်ရီရာ ဘုရင်ကြီးနဲ့ သူ့ဇနီးတို အော်ရီရာတိုင်းပြည်ကို ခရီးနှင်လာခဲ့ကြပါတယ် အော်ရီရာတိုင်းပြည်ရောက်တော့ အရာရာဟာ ခမ်းနားထည်ဝါနေပြီး အစစအရာရာအဆင်ပြေနေပြီး လက်ထပ်ပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့တယ် လက်ထပ်ပွဲပြီးတော့ အော်ရီရာတိုင်းပြည်ရဲ့ဘိုးဘေးအစဉ်အလာကိုကျင်းပဖို ဂူတစ်ခုဆီသွားရာကနေ ဒီလက်ထပ်ပွဲတစ်ခုဟာ စီရင်ခြင်းတစ်ခုသာဖြစ်ကြောင်းကို အယ်လိုဒီသိရှိသွားတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ သူတိုဒီလိုစီရင်မှုတွေကို လုပ်နေရတဲ့အကြောင်းအရင်းတွေကရော ဘာတွေလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်ရှင့်

You May Also Like