Stopmotion

ဒါလေးကတော့ မနေ့တနေ့ကမှအသစ်ထွက်ရှိလာတဲ့ horror ကားလေးတစ်ကားပဲဖြစ်ပါတယ်။
Stop-motion အန်နီမေးရှင်းဆိုတာကတော့ ပုံမှန်အန်နီမေးရှင်းကားတွေနဲ့မတူပဲ အပြင်မှာအရုပ်ကလေးတွေကိုဖန်တီးပြီး သူတိုရဲ့လှုပ်ရှားမှုပုံစံလေးတွေကို တစ်ဆင့်ချင်းရွှေ့ပြီး တစ်ပုံချင်းဓါတ်ပုံရိုက်ကာ စိတ်ရှည်လက်ရှည်ပုံဖော်ရတဲ့ အန်နီမေးရှင်းရုပ်ရှင်တစ်မျိုးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကတော့ stop-motion ဖန်တီးသူလေးအယ်လာဟာ မိခင်ဖြစ်သူကိုကူညီရင်း ရောဂါအခြေအနေကြောင့်မိခင်ဖြစ်သူရဲ့တာဝန်တွေတစ်ခုလုံး သူ့ရဲ့ပုခုံးပေါ်ကိုကျရောက်လာပါတော့တယ်။ ရုပ်ရှင်အတွက်အိုင်ဒီယာတွေမထွက်နေတုန်း အိမ်နီးချင်းကောင်မလေးရဲ့အိုင်ဒီယာတွေလွှမ်းမိုးခံရကာ မလုပ်သင့်တဲ့ဖန်တီးမှုတွေကိုလုပ်မိပြီး အခြေအနေတွေဟာထိန်းမနိုင်သိမ်းမရဖြစ်လာတာကိုရှုစားရမှာပါ။
အနုပညာရှင်တစ်ယောက်ရဲ့အနုပညာအပေါ်ရူးသွပ်စွဲလန်းမှုအကြောင်းကိုပုံဖော်ထားပြီး ဘယ်လောက်ထိကြောက်မက်ဖွယ်ရာကောင်းကြောင်းကိုလည်း သွေးသံတရဲရဲနဲ့ရက်ရက်စက်စက်သရုပ်ဖော်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Rating အနေနဲ့ IMDb 6.8 နဲ့ Rotten Tomatoes 88% ရထားတာကြောင့် အတော်အသင့်ကောင်းမွန်တဲ့ horror ကားတစ်ကား‌ဖြစ်လို ကြည့်ရှုခံစားလိုက်ကြပါဦး။

You May Also Like