Ghost Ship (2002)

Ghost ship ဇာတ်ကားလေးဟာ Horror ရုပ်ရှင်ကားကောင်းတစ်ခု ဖြစ်ပါတယ်
သမားရိုးကျအိမ်အိုတစ်လုံးအတွင်း သရဲခြောက်တာတွေ သရဲပူးတာတွေ ကို ကြည့်ရတာ ရိုးလာတဲ့သူတွေအတွက်
ထိတ်လန့် ခြောက်ခြားတာကိုမှ ကြိုက်နှစ်သက်သူတွေ အတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ပါတယ်
ဇာတ်လမ်းပုံစံကတော့ ပင်လယ်အတွင်း ပိုင်ရှင်မရှိသောသေတ္တာ တွေပိုဆယ်ယူပြီး ဝေစုခွဲကြတဲ့
ရှာဖွေရေး အဖွဲ့တစ်ခု ရှိပါတယ် ခေါင်းဆောင် မာဖီ က ဦးဆောင်ပြီး အတော်ဆုံး လူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်..တစ်ရက်မှာတော့ သူတို့ အဖွဲ့ ၆ လ အကြာ ပင်လယ်ပြင်တွင် အချိန်ကုန်ခံရှာဖွေခဲ့တဲ့ သဘော်တစ်စီးအတွက် ဘားမှာ အောင်ပွဲခံသောက်နေကြတုန်း လူငယ်တစ်ယောက်က သူတို့ အဖွဲ့ကို ပျောက်ဆုံးနေသော မှော်ဆန်တဲ့ သဘော်တစ်စီးအကြောင်းသတင်းလာပေးပါတယ်.. ထို သဘော်ကြီး မှာ ကမ္ဘာ ပေါ်တွင် ချမ်းသာကြွယ်၀သော လူအချို့နှင့်၀န်ထမ်း အားလုံးပေါင်း ၆၀၀ ကို တင်ဆောင်ပြီးအကြောင်းကိစ္စ တစ်စုံတစ်ရာ မသိရပဲ သတင်းမကြားရပဲ ပျောက်ဆုံးသွားတဲ့ သဘော် ကြီး ဖြစ်နေပါတယ် နစ်မြုတ်သွားတယ်လို့လဲ မသိရအကျော်ကြားဆုံး ရှာဖွေရေး အဖွဲ့အစည်းတွေကတောင် ရှာမတွေ့ခဲ့တဲ့ သဘော် ကြီး အဖြစ် မှတ်တမ်း တင်ထား၍ ၄င်းတို့ အဖွဲ့လဲ လူငယ်ဖြစ်သူနှင့်ရာခိုင်နှုန်း ခွဲေ၀ယူရန် ကတိပေးလိုက်ပြီး သဘော် ကြီးကို စတင်ရှာဖွေပါတော့တယ်.
ထို သဘော် ကြီးမှာ သူတို့ ထင်ထားခဲ့သလို ရိုးရှင်းလှသော အရာတစ်ခုမဟုတ်ပဲ ရက်စက်မှုတွေ လျို့၀ှတ်မှုတွေ
သစ္စာဖောက်မှုတွေ နဲ့ ကျိန်စာသင့်ပြီး မလွတ်မြောက်နိုင်သော ၀ိဉာဉ်များ ရဲ့ ခိုအောင်းရာ နေရာတစ်ခုဆိုတာကို မသိခဲ့သောအခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြရအောင်ပါ

You May Also Like