ဒီဇာတ်ကားလေးကတော့ လစ်ဗျားရှိ အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ မဆုတ်မနစ်သော အကြမ်းဖက်မှုကို ဆန့်ကျင်သည့် တိုက်ပွဲကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားပြီး လစ်ဗျားတွင် အီဂျစ်နိုင်ငံသား ၂၁ ဦး အသတ်ခံရမှုအား မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံတော်လုံခြုံရေးကို ဆိုးရွားလှသော ခြိမ်းခြောက်မှုများရန်မှတိုက်ထုတ်နေချိန်မှာ အစိုးရရဒ့ လုပ်ကွက်တေကိုလည်း မြင်သာအောင်ပြထားတာပါ။စစ်ကားကြိုက်တဲ့သူတွေအတွက် တစ်မျိုးထူးမဲ့ကားတစ်ကားပါ စစ်ကားတွေလို သီးသန့်တိုက်နေတာတွေတင်မဟုတ်ဘဲ နိုင်ငံရေးလှည့်ကွက်လေးတွေကိုလဲ ရသဆန်ဆန်ကြည့်ရဦးမှာပါ တစ်ဖက်မှာ စစ်တိုက်တဲ့အခန်း တစ်ဖက်မှာလည်း နိုင်ငံရေးဇာတ်ခုံပေါ်က ကစားကွက်တွေကို မြင်ရမဲ့ကားကောင်းလေးတစ်ကားဆိုတာ ညွှန်းလိုက်ရပါတယ်