Sting

အသစ်စက်စက် Horror/ Thriller type အကောင်ကားအသစ်လာပါပြီ။ Runtime အနည်းငယ်တိုပေမဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ rating 6.3 ရယူထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

ရှားလက်က ဖခင်မေတ္တာငတ်နေသူဖြစ်ပြီး နယူးယော့ခ်ကတိုက်ခန်းတစ်ခန်းမှာ ပထွေးရယ်၊ အမေရယ်၊ အမေတူအဖေကွဲမောင်လေးရယ်နဲ့ အတူနေထိုင်ပါတယ်။ ပထွေးဖြစ်သူက ဖခင်မေတ္တာပေးဖိုကြိုးစားပေမဲ့လည်း သူတိုကြားမှာဝေးကွာလျက်ပါပဲ။ 

ဒီလိုနဲ့တစ်ရက်မှာတော့ ရှားလက်ဟာ ပင့်ကူတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးဖို ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ အိမ်ရာတစ်ခုလုံး ဗြောင်းဆန်ဖိုလာပါတော့တယ်။ နာရီပိုင်းအတွင်း မူရင်းအရွယ်ထက် နှစ်ဆလောက်ကြီးထွားလာနိုင်တဲ့ ဧရာမပင့်ကူကြီးဟာ သူတိုကိုဘယ်လိုဒုက္ခပေးဖို ကြိုးစားလာမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါ။

You May Also Like