Love's Fast Lane

           ချစ်ခြင်းရဲ့အမြန်ဆုံးနယ်မြေဆိုတဲ့ဇာတ်ကားလေးမှာတော့ နစ်ကီထောန်နာကမိန်းကလေးပေမယ့်ဝါသနာအရ ငယ်ငယ်ကတည်းကစက်ပြင်ဆရာအလုပ်ကိုလုပ်ကိုင်ခဲ့ပြီး တစ်နေ့မှာတော့ပြိုင်ကားရုပ်ရှင်ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ချေ့စ်ဝီးလာနဲ့မထင်မှတ်ပဲတွေ့ဆုံခဲ့ရပါတယ်။ချေ့စ်ရဲ့ကားပျက်နေတာကိုပြင်ပေးနေတဲ့ သူ့ဗွီဒီယိုကပေါက်သွားတဲ့အခါ ကားရုပ်ရှင်ရိုက်ထားတဲ့ချေ့စ်အတွက်အကြပ်ရိုက်စရာတွေဖြစ်လာခဲ့ပါတယ်။ ပြိုင်ကားရုပ်ရှင်ရိုက်တဲ့သူက ကားမပြင်တတ်တာကိုဝေဖန်နှုန်းတွေမြင့်မားလာခဲ့ပြီး ပြင်တတ်တဲ့မိန်းကလေးနစ်ကီ့ကို အာရုံစိုက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့နစ်ကီက ဂျယ်ရမီဆိုတဲ့ဆောင်းပါးရေးပေးသူနဲ့တွေ့ခဲ့ပြီး နစ်ကီ့ကိုအောင်မြင်လာအောင်လုပ်ပေးရင်းက နှစ်ယောက်သားကြားသံယောဇဉ်တွေတိုးလာခဲ့ပါတော့တယ်။ ကားအကြောင်းတွေနဲ့အတူရင်ခုန်စရာအချစ်ဇာတ်လမ်းလေးကိုပါ တစ်ပါတည်းခံစားနိုင်ဖိုအခုလိုပဲညွှန်းပေးလိုက်ရပါတယ်။

ဤဇာတ်ကားကိုအညွှန်းရေးပေးပြီးဘာသာ ပြန်ပေးသူမှာ Chann ဖြစ်ပါတယ်။

You May Also Like