Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Light

    အသက်ငယ်ငယ်နဲ့အမေဖြစ်သူတစ်ယောက်ဟာ သူ့သားလေးနဲ့ အာကာသခရီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့မူမမှန်တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားပြီး အမေဖြစ်သူဟာ တစ်ကိုယ်စာအာကာသယာဉ်လေးနဲ့ မှောင်မည်းပြီး ထူးဆန်းတဲ့ဂြိုလ်တစ်ခုအပေါ် အမြန်ဆင်းသက်လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့သားငယ်လေးနဲ့ ကွဲသွားခဲ့ပါတယ်။ အမှောင်ထဲမှာလမ်းရှာပြီးသွားနေရင်းနဲ့ သူ့သားကိုရှာဖိုအလင်းရောင်လိုအပ်တယ်ဆိုတာကို သိသွားပါတယ်။ အဲဒီအလင်းရောင်နောက်ကိုလိုက်တတ်တဲ့ ဂြိုလ်သားသက်ရှိအကောင်တစ်မျိုးကလည်း သူ့ကိုသတိထားမိသွားမှာမိုလို အလင်းကလည်းအရမ်းဖွင့်လိုအဆင်မပြေဖြစ်နေခဲ့ပါတယ်။ အမှောင်ထဲမှာလမ်းရှာပြီးသွားနေရင်းနဲ့ သူ့သားကိုရှာဖိုအလင်းရောင်လိုအပ်တယ်ဆိုတာကို သိသွားပါတယ်။ ဒီလိုနဲ့အမေဖြစ်သူနဲ့ သားလေးတိုပြန်ဆုံနိုင်ကြမလား။ အလင်းရောင်နောက်ကို လိုက်တိုက်ခိုက်နေတဲ့ သတ္တဝါကရော ဘယ်လိုမျိုးလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုကြပါဦးနော်။ Low budget ကားဖြစ်ပေမဲ့လည်း တကယ့်အာကာသရုပ်ရှင်တွေလိုခံစားချက်မျိုး အပြည့်ဝခံစားရနိုင်တာမို ဆက်ဆက်ကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။

    You May Also Like