Dune: Part Two

ကြည့်ရှုသူများရဲ့ တခဲနက်အားပေးနှစ်သက်မှုကိုခံရတဲ့ သိပ္ပံခေတ်လွန်ကားလေးက part 2 အဖြစ်ဆက်လက်ထွက်ရှိလာပါပြီ။ ဒီ Part 2 မှာလည်း ခမ်းနားတဲ့ဇာတ်အိမ်ဖွဲစည်းပုံ လှပတဲ့ Cinematography မြင်ကွင်းတွေ Visal Effect ကောင်းကောင်းတွေနဲ့ ရုံတင်ချိန်မှာတခမ်းတနားအောင်ပွဲခံခဲ့ပြီးတဲ့ကားလေးလည်းဖြစ်ပါတယ်။

ပထမကားမှာ နိုင်ငံရေးလှည့်ကွက်တွေကြား ဓားစာခံဖြစ်ခဲ့ရတဲ့ Atreides တွေဟာ မူလကဂြိုဟ်ကိုလွှမ်းမိုးထားတဲ့ Harkonnen တွေရဲ့ရက်စက်မှုအောက်မှယာ အစုလိုက်အပြုံလိုက်အသတ်ခံရပြီး မိခင်ဖြစ်သူနဲ့ ဆက်ခံသူ Paulတိုဟာ Hakonne တွေရဲ့လိုက်လံသတ်ဖြတ်မှုကနေ ထွက်ပြေးနေရပါတယ် ။ ကန္တရာရထဲမှာကျင်လည်နေတဲ့ Fremen  တွေရဲ့ကယ်ဆယ်ခြင်းကိုခံရပါတယ်။ ဒီလူမျိုးစုတွေရဲ့အကူအညီနံ ပေါလ်တစ်ယောက် Harkonne တွေကို ဘယ်လိုအနိုင်ယူသွားမယ်ဆိုတာ ၃ နာရီနီးပါးကြမြင့်မယ့် ဒီကားမှာ ကောင်းမွန်တဲ့ Action ခန်းတွေနဲ့အတူ ရှုစားရမှာပါ။

Paul အဖြစ် Wonka မင်းသားလေး Timothee Chalamet...Freeman မျိုးနွယ်စုက ရဲရင့်တဲမိန်းကလေးအဖြစ် Zandaya...Rebecca Ferguson...Austin Butler..Dave Bautista စတဲ့နာမည်ကြီးပေါင်းများစွာက ဇာတ်ပိုဇာတ်ရံပါ၀င်ထာပြီး IMDB အရလည်း 8.8 အထိရရှိထားတာမို အနည်းဆုံးတစ်ခါတော့တော့ ကြည့်ကြည့်သင့်တဲ့ကားအဖြစ် အကြံပြုလိုက်ရပါတယ်။ ရှုစားကြပါဦး။

You May Also Like