Inside Out

တစ်ယောက်ယောက်ရဲ့ခေါင်းထဲမှာ ဘာတွေ‌တွေးနေလဲဆိုတာကိုသာ မြင်နိုင်မယ်ဆိုရင် ဘယ်လိုများဖြစ်မလဲ
ဒီဇာတ်ကားလေးမှာတော့ အသက်ဆယ့်တစ်နှစ်အရွယ် ရိုင်လီဆိုတဲ့ ကလေးမလေးရဲ့ ဦးနှောက်ထဲက ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံမှု၊ ဒေါသနဲ့ ရွံရှာစိတ်တိုက ဘယ်လိုတွေ အလုပ်လုပ်ကြလဲဆိုတာကို တွေ့ကြရမှာပါ။ ရိုင်လီတိုမိသားစုဟာ မင်နီဆိုးတားကနေ ဆန်ဖရန်စစ္စကိုမြိုတော်ကို ပြောင်းရွှေ့လာကြတာပါ။ နေရာအသစ် ပါတ်ဝန်းကျင်အသစ်မှာ ရိုင်လီ ဘယ်လိုခံစားနေရလဲ ၊ ခံစားချက်တွေက ရိုင်လီကို အဆင်ပြေအောင် ဘယ်လိုလုပ်ပေးကြမှာလဲဆိုတာ ကြည့်ရှုကြရမှာပါ


IMDb rating 8.1 နဲ့ Rotten Tomatoes 98%တောင်ရထားပြီး ဆုတွေအများကြီးရထားတဲ့ 2015ခုနှစ်က ဒီကားလေးကိုပြန်ကြည့်ရင်း မကြာခင်မှာ အသစ်ထွက်လာတော့မယ့် Inside out 2 အတွက် ရင်ခုန်ကြပါစိုနော်

You May Also Like