မင်းသားကြီး တွမ်ဟာဒီပါဝင်ထားတဲ့ Netflix အက်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မူးယစ်မှောင်ခိုလောကမှာ မင်းမူထားတဲ့ ဆေးမှောင်ခိုလုပ်နေတဲ့ ဂိုဏ်းခေါင်းဆောင် စွေ့ဖုန်းနဲ့ အမတ်လောင်းရဲ့သားချာလီတို အရောင်းအဝယ်လုပ်ရင်း ပစ်ခတ်မှုဖြစ်ပွားပြီး စွေ့ဖုန်းအသတ်ခံရတယ်။သားဖြစ်သူကိုသတ်သွားတဲ့တရားခံကို ချာလီလိုထင်ပြီး ရေကုန်ရေခမ်းရှာပြီးအပြတ်ရှင်းဖို စွေ့ဖုန်းရဲ့မိခင်ဖြစ်သူကလည်း ရောက်ရှိလာပါတယ်။ ဇာတ်လမ်းထဲမှာ မင်းသားကြီး တွမ်ဟာဒီက ရဲအဖြစ်ပါဝင်ထားပြီး ချာလီကိုကြေးစားတွေလက်ထဲကနေ ကယ်ဆယ်ဖိုကြိုးစားပါတယ်။ ရဲတွေပဲကယ်နိုင်ပါ့မလား စွေ့ဖုန်းအမေပဲ ချာလီကိုလက်ဦးသွားမလားဆိုတာ ကြည့်လိုက်ကြပါဦး။ အက်ရှင်ဇာတ်ကားကောင်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
This is a modal window.