Find Me Falling (2024)

ဒီဇာတ်ကားလေးကအချစ်ဟာသဇာတ်ကားဖြစ်ပြီး အမေရိကန်ရော့ခ်စတား ဂျွန်အောမန် ဟာ ဂီတလောကကနေခဏအနားယူပြီး ဆိုက်ပရပ်စ်နိုင်ငံရဲ့ အေးချမ်းတဲ့မြေထဲပင်လယ်ကျွန်းက ချောက်ကမ်းပါးအိမ်တလုံးမှာ တကိုယ်တည်းသွားနေခဲ့ပါတယ်။ ဒါပေမဲ့ သူမသိခဲ့တာကတော့ သူ့အိမ်ရှိတဲ့ ချောက်ကမ်းပါးထိပ်ကနေလူတွေ တယောက်ပြီးတယောက် ခုန်ချပြီး အဆုံးစီရင်တဲ့နေရာဖြစ်နေတာပါ။ဒီကျွန်းပေါ်မှာ မထင်မှတ်ထားတဲ့ အဖြစ်မှန်ကိုကြုံတွေ့ရပြီးသူ့ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကျွန်းပေါ်က ဆရာဝန်မ ဆီယာ နဲ့ ပြန်လည်ဆုံစည်းခဲ့ပါတယ်။ သူတို့ကြားက ပြန်လည်နိုးထလာတဲ့ဆက်ဆံရေးဟာ ချစ်ခြင်းမေတ္တာ၊ကွဲကွာဆုံးရှုံးမှု၊ နောင်တတွေနဲ့ ပြီး ဂျွန်ရဲ့ဘဝထဲကို ဝင်လာပါတော့တယ် ဒီကားထဲမှာ တေးသီချင်းအေးအေးချိုချိုလေးတွေနဲ့အတူ ဟာသဇာတ်ကွက်တွေလည်း ပါဝင်နေသလို စိတ်ဝင်စားဖို့လည်းအရမ်းကောင်းလို့ ဇာတ်လမ်းလေးကိုကြည့်ရှုလိုက်ကြရအောင် .....

You May Also Like