Art of Eight Limbs (2024)

ဒီဇာတ်ကားလေးကတော့သေစေနိုင်လောက်သော VX အဆိပ်သင့်ဓာတ်ငွေ့သေတ္တာလေးလုံးက မြန်မာနိုင်ငံက နိုင်ငံတကာလက်နက်ရောင်းဝယ်သူ၏လက််ထဲကိုရောက်သွားတယ် ဒီနောက်ကွယ်မှာ မြန်မာနိုင်ငံက ဗိုလ်ချုပ်တစ်ယောက်လည်းပါဝင်ပက်သက်နေတာပါ စီအိုင်အေနဲ့ဗိုလ်ချုပ်က ရင်းနှီးတော့ စီအိုင်အေက မျက်ကွယ်ပြုထားလိုက်တယ် ဒီအဆိပ်သင့်ဓာတ်ငွေ့တွေကို ဗိုလ်ချုပ်က လေလံပွဲမှာတင်ပြီးစျေးကောင်းရချင်တာပါ ဒါကြောင့်သူတည်ထောင်ထားတဲ့ ကိုယ်ခံပညာသင်တန်းမှာ ပြိုင်ပွဲတစ်ခုလုပ်ပြီးကြည့်ရှူသူတွေကို ဖိတ်ခေါ်ပြီး လေလံပွဲကို လုပ်ဖို့ရည်ရွယ်ထားတာပါ ဒါပေမဲ့ ဒီကိစ္စတွေကိုလျှို့ဝှက်ထောက်လှမ်းနေတဲ့ အေးဂျင့် စကော့ ကိုယ်ခံပညာသင်တန်းကျောင်းမှာ သင်တန်းဆရာအဖြစ်လုပ်နေတာပါ ဒီတော့ စကော့တစ်ယောက် ဒီကိစ္စကို ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းသွားမလဲ မြန်မာနိုင်ငံကလည်း တစိတ်တစ်ပိုင်းပါဝင်နေတဲ့ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်

You May Also Like