ဇာတ်လမ်းက ပင်လယ်ကမ်းစပ်က ရွာလေးတစ်ရွာကို အခြေခံထားတာ။ အဲဒီရွာမှာ နေတဲ့သူတွေရဲ့ ဘဝအကြောင်း၊ သူတိုတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ပင်လယ်နဲ့ သူတိုရဲ့ ဆက်နွယ်မှုတွေကို ပုံဖော်ထားတယ်။ အဓိက ဇာတ်ကောင်တွေကတော့ ငါးဖမ်းသမားတွေ၊ သူတိုရဲ့ မိသားစုတွေပေါ့။ ရိုးရှင်းတဲ့ ဘဝလေးတွေထဲမှာ လှိင်းလေတွေလိုပဲ ရုတ်တရက် ကြုံလာရတဲ့ ပြဿနာတွေကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြလဲဆိုတာကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ်။ ပင်လယ်ပြင် ရှုခင်းတွေ၊ ရွာရဲ့ အလှအပတွေကို ပုံဖော်ထားတာ တော်တော်လေး လှတယ်။ ရိုက်ချက်တွေက အနုပညာဆန်တယ် ။ ဒီကားမှာ သဘောအကျဆုံးကတော့ ဇာတ်လမ်းရဲ့ ရိုးသားမှုနဲ့ သဘာဝကျမှုပဲ။ လူ့ဘဝရဲ့ အချိုးအကွေ့တွေကို ပင်လယ်လှိင်းတွေနဲ့ နှိင်းယှဉ်ပြီး တင်စားထားတာ တော်တော်လေး ကောင်းတယ်။ ပြီးတော့ ရွာသူရွာသားတွေရဲ့ စည်းလုံးမှု၊ အချင်းချင်း ကူညီဖေးမမှုတွေကို မြင်ရမှာပါ။
This is a modal window.