Inside Out 2

2015 တုန်းက ထွက်ရှိခဲ့တဲ့ Inside Out 1 ဟာ ကလေးရော၊ လူကြီးပါမကျန် ရုပ်ရှင်ချစ်သူတွေကြားမှာ ရေပန်းစားခဲ့ပြီး နံပါတ် 2 ထွက်လာဖိုကို အားလုံးကစောင့်နေခဲ့ကြပါတယ်။ အခုဆိုရင် အားလုံးမျှော်နေတဲ့ Inside Out 2 ထွက်ရှိလာပြီဖြစ်ပြီး IMDB rating အနေနဲ့လည်း 7.8 နဲ့ အမြင့်ဆုံးမှာရပ်တည်နေပါတယ်။ 

ဒီထဲမှာတော့ ရိုင်လီဟာ ပထမဇာတ်ကားထဲက ပြဿနာတွေအပြီးမှာ ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိလာပြီဖြစ်ပြီး ဘဝကိုပျော်ရွှင်တစ်လှည့်၊ ဝမ်းနည်းတစ်လှည့်နဲ့  အကောင်းဆုံးဖြတ်သန်းနေခဲ့ပါတယ်။ ဒါ့အပြင် ဟော့ကီပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီး လေ့ကျင့်ရေးစခန်းကိုသွားရဖို အခွင့်အလမ်းပေါ်လာခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ရိုင်လီ့အတွက် အရွယ်ရောက်ခြင်းဖြစ်စဉ်စတင်လာပြီး စိတ်ခံစားချက်အသစ်တွေ ပေါ်လာတဲ့အခါမှာတော့ ဒီ emotion အသစ်တွေနဲ့ လေ့ကျင့်ရေးစခန်းမှာ ဘာတလွဲတွေလုပ်ဦးမလဲ၊ သူ့ဘဝကို အကောင်းဆုံးဘယ်လိုဖန်တီးသွားမလဲဆိုတာ မြင်ရမှာပဲဖြစ်ပါတယ်။

You May Also Like