Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Space Cadet (2024)

    ဒီကားလေးထဲမှာ အာကာသယာဉ်မှူးဖြစ်ချင်တဲ့ ဖလော်ရီဒါက အဖျော်ဆရာမလေး တစ်ဖနီရက်ဇ်ဆစ်ဆင်နေရာမှာ နာမည်ကြီးမင်းသမီးအမ်မာရောဘတ်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရက်ဇ်မှာ ပြည့်မှီတဲ့အရည်ချင်းတွေမရှိပေမဲ့ သူ့သူငယ်ချင်းနာဒင်းက လျှောက်လွှာကိုကြည့်ကောင်းအောင်လိမ်လည်ဖြည့်လိုက်ပြီး နာဆာအာကာသယာဉ်မှူးလေ့ကျင့်ရေးပရိုဂရမ်ဆီတင်ပေးလိုက်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ရက်ဇ်ကို နာဆာဘက်က လက်ခံလိုက်ကြပါတယ်။ ပရိုဂရမ်ကိုရောက်တဲ့အခါမှာ တခြားလူတွေနဲ့ယှဉ်ရင် ရက်ဇ်ကအရည်ချင်းပိုင်းမှာ သိမ်နုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ရက်ဇ်ရဲ့ မြန်ဆန်တဲ့တွေးခေါ်နိုင်စွမ်း၊ စက်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ ကြင်နာတတ်တဲ့စိတ်ထားတွေကြောင့် သူ့ရဲ့အလားလာကိုမြင်လိုက်ရတဲ့ နာဆာရဲ့ညွှန်ကြားရေးမှူးတွေဖြစ်တဲ့ ပမ်နဲ့လိုဂန်တို့က ရက်ဇ်ကို သဘောကျခဲ့ကြပါတယ်။ အလိမ်ညာတွေနဲ့စတင်ခဲ့ပေမဲ့ ရက်ဇ်က လေ့ကျင့်ရေးကိုဆက်လုပ်ပြီး သူ့ကိုယ်သူသက်သေပြနိုင်မယ်ဆိုတာကို ယုံကြည်နေခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ ရက်ဇ်ဟာ ပြည့်မှီတဲ့အရည်ချင်းမျိုးမရှိပေမဲ့ အာကာသထဲကိုသွားချင်တဲ့ သူ့အိပ်မက်ကိုဖြစ်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ပုံကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းလေးကကောင်းတဲ့အပြင် အမ်မာရောဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အိပ်မက်တွေနောက်ကို လက်မလျှော့ဘဲလိုက်သင့်ကြောင်းရိုက်ပြထားတဲ့ ရုပ်ရှင်က အထူးသဖြင့်လူငယ်ပရိတ်သတ်တွေအတွက် တအားကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ဖြစ်စေမှာ အသေချာပါပဲ။

    You May Also Like