1917

ကိုယ့် ရန် သူ ဟာ
ရန် သူ ပီ သ ခဲ့ ပေ မယ့်
ကိုယ့် ရန် သူ ရဲ့ ရန် သူ က တော့
ရန် သူ မ ပီ သ ခဲ့ ။ 

ကမ္ဘာ့ရန်သူဖြစ်နေပါလျက်နဲ့တောင် လူဟာ လူဖြစ်နေတော့လည်း လူသားဆန်မှုကြီးက စိတ် နှလုံးသားထဲကနေ တစ်ချက်တစ်ချက် တိုး တိုး ထွက်လာတတ်တယ်။ ဒီလို စိတ် နှလုံးသား တိမ်းညွတ်မှုအရကြောင့်ပဲ ရန်သူ့ယာဥ်ပျက်ကျလာချိန်မှာ မီးလောင်တော့မယ့်ရန်သူရဲ့အသက်ကို ကယ်တင်နိုင်ဖို ကြိုးစားပေးနေချိန်မှာပဲ ရန်သူကတော့ ရန်သူပီသစွာ မတွေမဝေ မဆိုင်းမငံ့ ကိုယ့်ကို ပြန်သတ်သွားလေရဲ့။ 

ဒါကတော့ အချိန် 44 မိနစ် ဝန်းကျင်မှာ ဖြစ်ပျက်သွားတဲ့ ဇာတ်ကွက်လေးတစ်ခုပါ။

ဇာတ်ကားကတော့ စစ်ကားဆိုတော့လည်း စစ်ကားဆိုတဲ့အတိုင်း ဒုန်း ဒုန်း ဒက် ဒက် တုံးလုံး ပက်လက်တွေချည်း ရင်တထိတ်ထိတ် မြင်နေရမှာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကြောကတော့ ပုံမှန် စစ်ကားတွေထက် တိုတောင်းပြီး ထိထိမိမိ လိုတိုရှင်းလေး ရိုက်ပြထားတာပါ။

စစ်ပွဲအတွင်း ဂျာမန်‌ ထောင်ချောက်ထဲ သက်ဆင်းမိ‌တော့မလို ဖြစ်နေတဲ့ ဒက်ဗွန်တပ်စု။ ဒီတပ်စုထဲမှာ ရှိနေတဲ့ အစ်ကိုဖြစ်သူရဲ့အသက်ကို ကယ်ဖိုရာ  အရေးပေါ် အမိန့်စာတစ်ခုက ဒက်ဗွန်တိုဆီ ရောက်သွားမှ ဖြစ်မယ်။ အဲဒီအမိန့်စာကို ဒီဘက် တပ်ရင်းမှာရှိနေတဲ့ ညီလေးက သူ့‌ရဲဘော် သူငယ်ချင်းနဲ့အတူ ဂျာမန်မြေကို ဖြတ်သန်း ခရီးနှင်ရင်း သွားရောက်ပိုဆောင်ရဖို တာဝန်ပေးခံရတာကို အဓိကထား ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် စစ်ကားနှစ်သက်သူပရိသတ်များအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးဖြစ်လို အားလပ်ချိန်မှာ တခဏတာအနားယူရင်း 1917 ဆိုတဲ့ ဒီစစ်ကားလေးထဲကိုလည်း စိတ် နှလုံးသားတွေ တိုးဝှေ့ကာ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။


~ Thanks for watching this movie with us ! ~

You May Also Like