Imaginary

ဒီကားလေးကတော့ ဂျက်ဆီကာဆိုတဲ့ အတိတ်ကအဖြစ်ဆိုးတွေ ရှိခဲ့တဲ့အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့လင်ပါသမီးလေးတွေ ဖြစ်တဲ့ အဲလစ်နဲ့ တေလာတိုရဲ့ အကြောင်းပဲဖြစ်ပါတယ်။အိမ်မက်ဆိုးတွေမက်တတ်တဲ့ ဂျက်ဆီကာတစ်ယောက် ယောကျ်ားဖြစ်သူရဲ့တိုက်တွန်းမှုကြောင့် အရင်နေခဲ့တဲ့သူ့ရဲ့အိမ်အဟောင်းကြီးဆီကို သူ့ရဲ့လင်ပါသမီးလေးတွေ ဖြစ်တဲ့ အဲလစ်နဲ့ တေလာပြီးတော့ယောက်ျားဖြစ်တဲ့ မက်စ်တိုနှင့်အတူ ပြောင်းရွှေ့လာခဲ့ပါတယ်။

အိမ်ပြောင်းပြီးမကြာခင်မှာပဲ အဲလစ်က ချောင်ဆေးဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းအသစ်တစ်ယောက်ရခဲ့ပါတယ်။ချောင်ဆေးက အဲလစ်ကို တဖြည်းဖြည်းထိန်းချုပ်လာပြီး အန္တရာယ်များတဲ့အရာတွေ လုပ်ခိုင်းလာတဲ့အခါမှာတော့ ဂျက်ဆီကာတစ်ယောက် သူ့ရဲ့သမီးလေးတွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဘဲ ဖြစ်ပါတယ်။

You May Also Like