ဒီကားက အေးအေးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးပါနော်။ တစ်နေ့ ညီမဖြစ်သူက အစ်မအိမ်မှာလာနေရင်း ညီမဖြစ်သူပျောက်ဆုံးသွားပါတယ်။ မောင်နှမှသုံးယောက် အမွေကိစ္စ စကားများပြီး မခေါ်မပြောဖြစ်နေတာလည်းကြာပြီဆိုတော့ အစ်မဖြစ်သူက သူ့ညီမကို သူ့အစ်ကိုကသတ်တာလား။ ညီမရဲ့ရည်းစားက သတ်တာလားဆိုပြီး သံသယဝင်နေခဲ့ပါတယ်။ တစ်နေ့ အမှုကို စုံစမ်းနေရင်း သူ့ညီမှာ ကိုယ်ဝန်ရှိနေတာကိုပါ သိသွားခဲ့ရပြီး အမှုက ညီမဖြစ်သူကို သတ်တာ သူ့ရည်းစားလည်းမဟုတ် ၊ သူ့အစ်ကိုလည်းမဟုတ်ဘဲ အစ်မဖြစ်သူရဲ့ ယောကျာ်းဖြစ်နေပါတော့တယ်။ ဘယ်လိုဖြစ်ပြီး ဒီလိုလူသတ်မှုတွေဖြစ်တယ်ဆိုတာကို ဇာတ်လမ်းအဆုံးမှာ တင်ဆက်ထားပါတယ်။ မိသားစုဇာတ်လမ်းလေးဖြစ်ပါတယ် ။