Predator

ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မင်းသားကြီးအာနိုးရဲ့ ၈၀ ခုနှစ်တွေမှာ အအောင်မြင်ခဲ့ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ Predator(1987) Action/ Sci-fiဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် Predator(1987) ဆိုရင်တော့ ပြောစရာမလိုလောက်အောင် နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်ကားဆိုတာ သိကြမယ်ထင်ပါတယ် ဒီကားရဲ့နောက်ဆက်တွဲအနေနဲ့ Predator 2, Predators The Predator အစရှိတဲ့ဇာတ်ကားတွေအပြင် Spin off တွေလည်း အများကြီးထွက်လာတဲ့ အဓိကဇာတ်ကားကြီးလည်းဖြစ်ပါတယ်  ဇာတ်လမ်းအကျဉ်းကတော့ ဝန်ကြီးတစ်ယောက်ပါလာတဲ့ လေယာဉ်က တောထဲပျက်ကျသွားခဲ့တဲ့အတွက် Dutch နဲ့သူ့တပ်ဖွဲကို တောထဲမှာ သွားကယ်ခိုင်းရာကနေ Dutch ရဲ့တပ်ဖွဲဝင်တွေ အမည်မသိအရာတစ်ခုရဲ့ ရှင်းပစ်ခြင်းကို တစ်ယောက်ပြီးတစ်ယောက်ခံခဲ့ရာမှ သူတိုကိုတောထဲလွှတ်ရတဲ့တကယ့်အကြောင်းအရင်းကိုသိလာရပါတော့တယ် Predator ဆိုတဲ့သားရဲကြီးကို Dutch နဲ့သူ့တပ်ဖွဲက ဘယ်လိုတွေ တိုက်ခိုက်ကြမလဲဆိုတာကို horror ဆန်ဆန် မြင်တွေ့ရမှာဖြစ်ပါတယ် IMDb လည်း 7.8/10 ရရှိထားပြီး Sci-fi/ Action တွေထဲမှာလည်း မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေးဖြစ်လို စောင့်မျှော်ကြည့်ရှုခံစားပေးကြပါဦး

You May Also Like