The Marsh King's Daughter

ယခု တင်ဆက်‌ပေးမယ့် The Marsh King's Daughter ဆိုတဲ့ဇာတ်ကားလေးက‌တော့ တစိမ့်စိမ့် တနွေးနွေး ကြည့်လိုကောင်းစေမယ့် Psychilogical Thriller ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ။

စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်ထဲမှာ အမဲလိုက်နည်းတွေ၊ တောရိပ် တောင်ရိပ်အကြောင်းတွေ လက်ဆင့်ကမ်းသင်ကြားရင်း သားအဖသံယောဇဉ်ကို အခိုင်အမာတည်ဆောက်ထားကြတဲ့ အဖေဖြစ်သူ ဟိုးဘရွတ်ခ်နဲ့ သမီးဖြစ်သူ ဟယ်လီနာ ။

တစ်နေ့ ဟိုးဘရွတ်ခ် တောလည်ထွက်နေတုန်း သူတိုနေတဲ့ တောထဲက သစ်လုံးအိမ်ဆီကို လူစိမ်းတစ်ယောက် မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်။ လူစိမ်းက သူ့ကို လမ်းပြပေးဖို အကူအညီတောင်းနေတုန်း ဟယ်လီနာ့အမေ ဘက်သ်အဲရစ်ခ်ဆန်က အိမ်ထဲကနေ ရုတ်တရက် ပြေးထွက်လာပြီး ကျွန်မတိုကို ကယ်ပါဦး ကယ်ပါဦးဆိုပြီး အသည်းအသန် ပြောလာတယ် ။

ဖြစ်ချင်တော့ သူ့အဖေမှ သူ့အ‌ဖေဖြစ်နေတဲ့ ဟယ်လီနာရဲ့ခေါင်းကို သူ့အမေဖြစ်သူက ကျောက်တုံးနဲ့ထုပြီး တောထဲကနေ ထွက်ပြေးဖိုရာ အကြောင်းဖန်လာခဲ့တယ်။ အဲဒီနောက် အမေဟာ အဖေပြန်ပေးဆွဲတာခံရပြီး တောထဲမှာ ချုပ်နှောင်ခြင်း ခံထားရတဲ့ အမျိုးသမီးတစ်ယောက်မှန်း သိလာခဲ့ရတယ်။ 

ဒီလိုနဲ့ ဟယ်လီနာကို သူ့အဖေက မြိုထဲကနေ ပြန်လာခေါ်ချိန်မှာ ရဲဖမ်းတာခံရပြီး နှစ်ရှည်လများ ထောင်ကျသွားခဲ့တယ် ။ ဒီလိုနဲ့ပဲ ဟယ်လီနာဟာ သူ့ရဲ့ဇစ်မြစ်၊ အမည်နာမတွေကိုဖုံးကွယ်ကာ မြိုပြလူနေမှုအတွင်း အရွယ်ရောက် ကြီးပြင်းလာခဲ့ပြီး စတီဖင်ဆိုတဲ့ အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ကျကာ မာရီဂိုးဆိုတဲ့ သမီးလေးတစ်ယောက် ရရှိလာခဲ့တယ် ။ 

အဖေဖြစ်သူ ဟိုးဘရွတ်ခ်ကလည်း ထောင်ပြောင်းနေတုန်း ကားပေါ်ကနေ ဖောက်ပြေးကာ သူ့သမီး ဟယ်လီနာကို လိုက်လိုရှာ ။  သမီးဖြစ်သူ မြေးဖြစ်သူတိုနဲ့ စိမ့်တောထဲမှာ သုံးယောက်အတူတူ ရှိနေဖိုရာ မိုက်မိုက်မဲမဲ ထပ်ကြိုးစားလေတဲ့အခါ ။

အဖေဖြစ်သူ သင်ပေးခဲ့တဲ့ အမဲလိုက်ခြင်းနည်းနာတွေကို ငယ်စဉ်က အဖေနဲ့အတူရှိခဲ့ဖူးတဲ့ စိမ့်တောထဲမှာပဲ အဖေဖြစ်သူကို ပြန်လည် အမဲလိုက်ရဖို ကြုံလာတဲ့အခါ ။

ကိုယ့်သွေးကိုယ့်သားကို အမြဲ ကာကွယ်ဖို ခိုင်ခိုင်မာမာ လမ်းပြပေးခဲ့တဲ့ အဖေဖြစ်သူကပဲ တစ်ချိန်မှာ ကိုယ့်မိသားစုကို လာထိပါးတဲ့သူ ဖြစ်လာတဲ့အခါ ။

မိသားစုကို ကာကွယ်နိုင်ဖိုအတွက် ဟယ်လီနာတစ်ယောက် သူ နေထိုင်ခဲ့တဲ့ စိမ့်တောထဲမှာ သူ သိပ်ချစ်ခင်ခဲ့ရတဲ့ အဖေဖြစ်သူကို မီးကုန်ယမ်းကုန် ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာကို. . . .

ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားနိုင်ဖိုရာ ဒီနေရာ ရပ်ဝန်းကနေ တင်ဆက်ပေးလိုက်ပါတယ်။ အားပေးကြည့်ရှုတဲ့ တစ်ဦးတစ်ယောက်တိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

You May Also Like