အက်ဖ်ဘီအိုင်အေးဂျင့် ဟက်စ်ဟာ ဂျေမီဆိုတဲ့ ရဲသားလေးနဲ့ပေါင်းပြီး ဓားပြမှုတွေကို စုံစမ်းရာကနေ ဓားပြမှုတွေဟာ ရန်ပုံငွေစုတဲ့သဘောဖြစ်နေပြီးအကြီးအကျယ် အကြမ်းဖက်မဲ့ အစီအစဉ်တွေ တစ်နိုင်ငံလုံးကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပါရှိနေတဲ့ အစွန်းရောက်အဖွဲ့ကို ခြေရာခံမိသွားပါတယ်။
သူတို့ခြေရာခံနေစဉ်အတွင်းမှာပါ ဘဏ်ဓားပြမှုတွေ ဆက်တိုက်ဖြစ် လုပ်ကြံမှုတွေပါဖြစ်လာပြီး နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေးအဆင့်အထိရောက်လာခါနီးမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပြီး ဖမ်းဆီးရပုံတွေကို ပြသထားတာပါ။၁၉၈၀ အထာတွေနဲ့ ဇာတ်လမ်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းကြည့်ချင်ရင် ဒီကားကိုလက်လွှတ်မခံသင့်ပါဘူး။