The School for Good and Evil

Review:Sophieဆိုတဲ့ကောင်မလေးဟာမွေးကတည်းကလှပတဲ့ဆံပင်လှပတဲ့မျက်နှာလေးနဲ့ကမ္ဘာကြီးကိုပြောင်းလဲပေးရမဲ့ကံကြမ္မာပါလာတဲ့သူလိုသူ့အမေဖြစ်သူကတစ်ဖွဖွပြောနေခဲ့တာဖြစ်ပါတယ် သူမမှာတော့Agathaလိုခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ် Agathaကတော့Sophieနဲ့ဆန့်ကျင်ဖက်ပေါ့ရုပ်လဲမချောဘာထူးခြားတာမှလဲမရှိ ဆံပင်ကလဲဘုတ်သိုက်နဲ့အဲ့လိုနဲ့တစ်နေ့မှာသူတိုနှစ်ယောက်ဟာပုံပြင်စာအုပ်တစ်အုပ်ကနေကောင်းမှုနဲ့မကောင်းမှုကျောင်းတော်ကြီးအကြောင်းသိသွားပါတော့တယ်  သာမန်ရိုးရှင်းတဲ့ဘ၀မှာမနေချင်တဲ့Sophieတစ်ယောက်ကောင်းမှုနဲ့မကောင်းမှုကျောင်းတော်ကြီးကို၀င်ဖိုလုပ်ရာကနေAgathaရောသူမတိုနှစ်ယောက်လုံးကိုကျောင်းက၀င်ခွင့်ပေးလိုက်တဲ့အခါ သူတိုတွေဘာတွေကြုံလာရမလဲကောင်းမှုနဲ့မကောင်းမှုကျောင်းတော်ကြီးဆိုတာကရောဘာလဲဆိုတာကြည့်ရှူရမဲ့မှော်ကားလေးပဲဖြစ်ပါတယ်

You May Also Like