ဒီကားလေးကတော့ စပိန်မိသားစုဆီမှာ အလုပ်လုပ်နေတဲ့ အိမ်အကူလေးအကြောင်း ရိုက်ပြထားတာပဲဖြစ်ပါတယ် အန်နာဆိုတဲ့ ကိုလမ်ဘီယာသူလေးက ညီမငယ်ကို ကျောင်းထားဖို့အတွက် စပိန်က မိသားစုတစ်ခုရဲ့ နွေရာသီအပန်းဖြေစံအိမ်မှ အိမ်အကူလာလုပ်ပါတယ် သူအလုပ်လုပ်နေတဲ့မိသားစုက အန်နာ့ကို နေထိုင်ခွင့်လျှောက်ပေးမယ်ပြောပေမယ့် သူ့သူငယ်ချင်း ဂျစ်ဆယ်လာကတော့ နေထိုင်ခွင့်က နှစ်နှစ်နေမှလျှောက်လို့ရတယ်ပြောလာတဲ့အခါ အန်နာတစ်ယောက် မိသားစုကလိမ်နေတာလားဆိုပြီး သံသယဝင်ပါတော့တယ် တကယ်ပဲ အန်နာကို လိမ်နေတာလား ဒါမှမဟုတ် စပိန်မိသားစုက အန်နာအပေါ်တကယ်ကောင်းပြီး ကူညီချင်တာလားဆိုတာတော့ စောင့်ကြည့်လိုက်ကြပါဦး