Not Another Church

ဒီ ကားလေးက‌တော့ လူမည်း ဟာသ ဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ် လူ့သဘာ၀အရ အခက်အခဲ ကြုံလာချိန်တိုင်းမှာ မိမိတို့ ကိုးကွယ်ရာ ဘုရားသခင်ကို တိုင်တည် ‌တတ်ကြတယ် ဒီသဘာ၀လေးကို ဒီ ကားထဲမှာ ဟာသလေးနှောပြီး ပြသထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ပယ်ရီဆိုတဲ့ လူငယ်တစ်ဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ် ပယ်ရီ ဆိုတဲ့ လူငယ်ဟာ ရှေ့နေ ဆရာ၀န် စသဖြင့် ရသမျှ အလုပ်အားလုံးကို လုပ်လေ့ရှိပြီး တစ်နေ့မှာတော့ ဘုရားသခင် ရဲ့ ဆက်သွယ်မှုကို ရရှိလာခဲ့တယ် အဲ့လိုပဲ ဟော်ပရာဆိုတဲ့ အမျိုးသမီး ထုဘက်ကနေ ဦးဆောင် ဟောကြားနေတဲ့ နာမည်ကျော် ဟောပြောသူ တစ်ဦးဟာလည်း ဘုရားသခင် ဆီ သူမရဲ့ အမွေ ဆက်ခံနိုင်မဲ့သူကို တိုင်တည် တောင်းဆိုခဲ့ပါတယ် ဒီ နှစ်ဦးကြားဘယ်လို အချိတ်အဆက် ဖြစ်လာမလဲ ဘုရားသခင်က ဘယ်လို ချိတ်ဆက်ပေးမလဲ ဆိုတာ ဟာသဆန်ဆန်ကြည့်ရှု့ရမဲ့ ကားလေးပဲ ဖြစ်ပါတယ်

You May Also Like