Kardes Takimi (2024)

ဒီဇာတ်ကားလေးကတော့ တစ်နေ့မှာ မိဘတွေက ကလေးတွေကို ၂ ရက်လောက် ဝေးကွာဖို့ ပြောကြတယ်။ မိဘတွေရောက်လာတဲ့အခါ ပိတ်မိသွားတယ်။ ကလေးတွေဟာ စက်ရုပ်တစ်ရုပ်ကို ရှာတွေ့ပြီး စွန့်စားခန်းခရီးကို သွားကြတယ်။
ကျောင်းတစ်ကျောင်းတည်းမှာ အတူတူတက်နေကြတဲ့ မွေးချင်းလေးယောက်ဖြစ်တဲ့ Deniz၊ Derya၊ Ali နဲ့ Yaz တို့က နေ့တိုင်းကျောင်းမှာ ပြဿနာရှာတက်ကြတယ်။ Ali က သူ့အတန်းထဲမှာ အလှဆုံးမိန်းကလေးတစ်ယောက်ဖြစ်ချင်တာပါ။ Deniz က ကျောင်း ဂီတအဖွဲ့အတွက် အရွေးမခံရသောအခါတွင် သူမက  မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးကာ ဂီတကို စိတ်မဝင်စားတော့ပဲနေပါတော့တယ်။ Derya က ကျောင်းသား ခေါင်းဆောင်ဖြစ်ချင်တယ်။ အငယ်ဆုံးလေးကYaz ဖြစ်ပါတယ်။တစ်နေ့မှာမိဘများ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားပါတော့တယ်။  သူတို့ရဲ့မိဘများက  TeknoStar လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီတစ်ခုမှာ  အလုပ်လုပ်ပါတယ်။ ကမ္ဘာကြီးရဲ့အနာဂတ်ကို ထိခိုက်စေမယ့်အလွန်အရေးကြီးတဲ့ နည်းပညာတီထွင်မှုများကို အဲ့ဒီနေရာမှာ ပြုလုပ်လျက်ရှိပါတယ်။ကလေးများက မိဘများ ပျောက်ဆုံးမှုကို စုံစမ်းနေစဉ် အိမ်မှာ လျှို့ဝှက်အခန်းတစ်ခုနဲ့ နည်းပညာမြင့် စူပါကွန်ပြူတာ TAOZ 4000 ကို အခန်းတစ်ခုမှာ ဝှက်ထားကြတယ်။ TAOZ က  ၎င်းတို့ရဲ့ မိဘများကို ရှာဖွေရန် ကူညီပေးပါတယ်။ သူတို့လိုက်နာရမယ့် လမ်းပြမြေပုံတစ်ခုရှိပြီး သူတို့ရဲ့မိဘတွေကို ဘယ်လိုပြန်ပြီး ကယ်ဆယ်နိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်လိုက်ရအောင်ပါ

You May Also Like