The Iron Claw

Von Erich မိသားစုဟာ နပန်းလောကမှာ နာမည်ကြီးပြီး အဖေရော သားတွေပါ နပန်းမျိုးဆက်ကိုထိန်းသိမ်းထားကြတဲ့မိသားစုတစ်ခုဘဲဖြစ်ပါတယ်။

Fruitz Erich ဟာသူ့ရဲ့နပန်းသမားဘဝမှာမရယူနိုင်ခဲ့တဲ့အရာကိုသူ့သားတွေလက်ထက်မှာရအောင်ယူစေခဲ့ပါတယ်။ သားဖြစ်သူတွေရဲ့ အခြားတစ်ဖက်ခြမ်းကိုမမြင်နိုင်ခဲ့ဘဲ အဖေတစ်ယောက်ရဲ့အတ္တတွေဘဲကြီးမားနေခဲ့ပါတယ်။

တစ်နေ့မှာတော့ သူတိုရဲ့မိသားစုမှာ မထင်မှတ်ထားတဲ့ အဖြစ်ဆိုးတစ်ခုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ ဘယ်အရာတွေက မထင်မှတ်ထားစွာနဲ့ ဘယ်လိုပြောင်းလဲသွားမှာလဲ။ ပေးဆပ်လိုက်ရတာတွေဟာ တစ်ကယ်ဘဲထိုက်တန်ရဲ့လား ဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။

သိပ်ချစ်ကြတဲ့ညီအစ်ကိုတွေ နောက်ဆုံးဇာတ်ဝင်ခန်းမှာပြန်ဆုံတွေ့ကြတဲ့ပုံစံလေးဟာ ရင်နာစရာကောင်းပြီး ဝမ်းနည်းစရာလဲကောင်းလှပါတယ်။
2023 ရဲ့နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာကမှ ထွက်ရှိထားတဲ့ ဇာတ်ကားကောင်း‌ေလးတစ်ကားဖြစ်ပြီး ဘဝမှာတစ်ခါ‌ေလာက်ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားအဖြစ်ရည်ညွှန်းချင်ပါတယ်။

You May Also Like