Trim Season

သွေးသံရဲရဲနဲ့ gore scene တွေနှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အသစ်ထွက်ဟော်ရာကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ကြည့်ရင်းကြက်သီးတဖြန်းဖြန်းထရစေမဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။

အမ်မာနဲ့ဂျူလီယာဆိုတဲ့ မိန်းကလေးနှစ်ဦးဟာ အလုပ်အကိုင်အဆင်မပြေတာကြောင့် ငွေရေးကြေးရေးခက်ခဲနေတဲ့အချိန်မှာပဲ လူတစ်ယောက်ရဲ့အဆွယ်ကောင်းမှုကြောင့် လူသူဝေးတဲ့ဆေးခြောက်ခင်းတစ်ခင်းမှာ အဖူးညှပ်တဲ့အလုပ်ကို လက်ခံလိုက်ပါတယ်။  ပေးတဲ့နှုန်းထားကလည်း မက်လောက်စရာမလို မျက်စိစုံမှိတ်ပြီး စိုက်ခင်းဆီကိုလိုက်ခဲ့ကြပါတယ်။ 

အဲဒီမှာလည်း သူတိုလိုပဲ အလုပ်လုပ်မဲ့မိန်းကလေးတချိုနဲ့ တွေ့ဆုံခင်မင်ခဲ့ကြပြီးတဲ့နောက်မှာတော့ အဖူးညှပ်ရင်း ထူးဆန်းတဲ့လူသေမှုတွေကြုံလာရင်း ဖြစ်လာတဲ့အခါမှာတော့ ဒီမိန်းကလေးတွေဟာ ထွက်ပြေးလွတ်မြောက်ဖို ကြိုးစားရပါတော့တယ်။

You May Also Like