One More Shot

မြေအောက်ဂိုဏ်းတခုက အကြမ်းဖက်သံသယရှိသူ Amin Mansur ကို ဝါရှင်တန်မြိုဆီ ခေါ်ဆောင်လာပေးဖို အမိန့်ပေးခံခဲ့ရတဲ့ အမေရိကန်ဒုဗိုလ်ကြီး Jake Harris...

ကြေးစားလူသတ်သမားတွေရဲ့ ရန်ကနေ Amin ကို ကာကွယ်ပေးနေစဉ်မှာပဲ သူတိုအမေရိကန်လုံခြုံရေးတပ်ဖွဲဝင်အချင်းချင်း သစ္စာ‌ဖောက်ခံရတဲ့အခါ...

တညတည်းနဲ့ လူပေါင်းများစွာကို သေကြေပျက်စီးသွားစေမယ့် လွှတ်တော်ညီလာခံကြီးကို အမေရိကန်သမ္မတက မဖြစ်မနေကျင်းပချင်နေတဲ့အခါ...

ဝါရှင်တန်မြိုကြီးကို မီးလောင်တိုက်သွင်းပြီး အမေရိကန်ကို ကမ္ဘာ့အလယ်မှာ ဒူးထောက်အောင်လုပ်မယ့် ရေဒီယိုသတ္တိကြွဗုံးကို သူဘယ်လိုရှင်းလင်းသွားမလဲ

ဒီစစ်ဆင်ရေးတခုလုံးမှာ နိုင်ငံကိုရောင်းစားဖိုအထိ အကြံကြီးတဲ့ အမျိုးသမီး သစ္စာဖောက်အေးဂျင့် Lomas၊ သူ့ကြောင့် ပဲလှော်ကြားဆားညှပ်ခဲ့ရတဲ့ Amin က သူ့ရင်သွေးလေးအတွက် အသက်ရှင်နိုင်ပါ့မလား....

ဒီဇာတ်လမ်းမှာ ဗုံးရှင်းလင်းဖို စိန်ခေါ်ခံရတဲ့ စီအိုင်အေစုံထောက်တွေရဲ့ ဖြတ်ထိုးဉာဏ်တွေ၊ အကြမ်းဖက်သမားတွေက အမေရိကန်အပေါ်မှာ အမြစ်တွယ်နေတဲ့ အငြိုးအာဃာတတွေ၊ အမေရိကန်စစ်သားတွေရဲ့ အလုပ်တာဝန်ကျေပွန်မှုတွေကို လျှိဝှက်သည်းဖို အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ တဝကြီး စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

You May Also Like