Road House

အခုတင်ဆက်ပေးမှာကတော့ UFC ဖိုက်တာ အိုင်းရစ်လက်ဝှေ့သမား ကော်နာ မက်ဂရေဂါ နဲ့ အမေရိကန်မင်းသား ဂျိတ်ခ် ဂျီလင်ဟိုလ် ပါဝင်ထားတဲ့ Road House ဆိုတဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာတော့ မင်းသား Jake Gyllenhaal က Irish professional boxer ဖြစ်တဲ့ Conor McGregor နဲ့အတူ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် တွဲဖက်ပြီး သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် အမေရိကန်ရက်ပါ၊အဆိုတော်ဖြစ်တဲ့ Post Malone ကလည်း ဇာတ်အဖွင့်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်။ ဆိုတော့ ဒီကားက actor, singer, boxer စုံတဲ့ကားတစ်ကားလို ဆိုရပါမယ်။ 

ဇာတ်လမ်းကတော့ ဂလက်စ်ကီးကို တည်ထောင်ခဲ့တဲ့ ဆွေကြီးမျိုးကြီး ဖလော်ရီဒါမိသားစုတစ်စုက သားဖြစ်သူ ဘရန့်ထ်က ဂလက်စ်ကီးနယ်မှာရှိတဲ့ အရာရာတိုင်းကို လက်ဝါးကြီးအုပ်ကြိုးစားနေတဲ့အချိန် Road House ဆိုတဲ့ ဘားဘက်ကိုလည်း မျက်စိကျ အုပ်စိုးဖို ကြံစည်နေတယ်။

ဒါနဲ့ ဘားပိုင်ရှင် ဖရန်ကီက သူ့ဘားမှာ လာသောင်းကျန်းနေတဲ့ ဘရန့်ထ်ရဲ့လက်ပါးစေတွေကို ပြန်ဆော်ဖို လက်ဝှေ့သမားတစ်ယောက် လာရှာတဲ့အချိန်မှာ အယ်လ်ဝုဒ် ဒေါလ်တန်ဆိုတဲ့ ခပ်မိုက်မိုက် ဘဲကြီးကို သွားတွေ့တယ်။ သူ့အရှိန်အဝါကို သဘောကျသွားတယ်။ သူ့ဘားမှာ တစ်ပတ် ဒေါ်လာ၅ထောင်နဲ့ အလုပ်လာလုပ်ပေးဖို ကမ်းလှမ်းတယ်။ ဒီလိုနဲ့ Road House ဆိုတဲ့ ဘားကို ဒေါလ်တန် ရောက်လာတယ်။

အဲဒီမှာ နယ်ပိုင်ရှင်ကြီးဘရန့်ထ်နဲ့ ထိပ်တိုက်တွေ့တယ်။ ဘရန့်ထ်ရဲ့အဖေက ထောင်နန်းစံနေတယ်။ ဒါပေမဲ့ သူ့သား သောက်ရေးမပါတာတွေ လုပ်နေမှန်း သိနေတယ်။ ဒါနဲ့ ဒေါလ်တန်ကို ကိုင်တွယ်ဖို တားဆီးဖိုရာ လက်ဝှေ့သမားကြီး ကော်နာကို လွှတ်လိုက်တယ်။ ဒီလိုနဲ့ သူတိုတွေ မြင်လိုက်တာနဲ့ အသေအကြေ တစ်ပွဲတစ်လမ်း ထိုးမယ် ကြိတ်မယ် သတ်မယ် ဖြစ်လာကြတယ်။ 

ကော်နာက ဒီအထဲမှာ မျက်ခွက်ပြောင်ရုံမက ဖင်လည်း အတော်ပြောင်ပါတယ်။ သူစပေါ်လာကတည်းက ဖင်ပြောင်နဲ့ပေါ်လာပြီး ဖင်ပြောင်ပြောင်နဲ့ပဲ အဆုံးသတ်သွားတာမလိုပါ 😅 ။

ဆိုတော့ အပြင်ကမ္ဘာကလက်ဝှေ့သမားကြီး ကော်နာတစ်ယောက် ဇာတ်လမ်းထဲက UFC လက်ဝှေ့သမားနဲ့ တွေ့ပြီးတဲ့နောက် ဘယ်လိုတွေ ကြမ်းကြ ရမ်းကြမလဲဆိုတာကိုတော့ ဒီဇာတ်ထဲမှာ ဆက်လက်ကြည့်ရှု ခံစားလိုက်ကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

You May Also Like