Sentinel

ဂြိုဟ်သားတွေကမ္ဘာပေါ်ကိုကျူးကျော်လာရင် ဘာတွေဖြစ်လာမလဲလို အားလုံးတွေးဖူးကြမှာပါ။ ဒီတော့ ဂြိုဟ်သားတွေကိုစိတ်ဝင်စားတဲ့ ဂြိုဟ်သားကားကြိုက်တဲ့သူတွေအတွက် The Sentinel ဆိုတဲ့ အသစ်စက်စက် အက်ရှင်မူဗီလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေကျူးကျော်လာပြီးနောက်မှာ လူသားတွေဟာ လပေါ်ကိုပြောင်းရွှေ့ခိုလှုခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ကာလအတော်ကြာပြီးတဲ့နောက်မှာ သူတိုရဲ့မိခင်ကမ္ဘာကို ပြန်လည်သိမ်းယူဖိုအတွက် လူသား‌တွေဟာအချိန်ခရီးသွားပြီး ဒီဖြစ်ရပ်ကိုပြန်ပြင်ဖို ကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း အလွဲအမှားတစ်ခုကြောင့် ကမ္ဘာပေါ်ကို အချိန်မှားရောက်ရှိသွားပြီး ဂြိုဟ်သားတွေ‌ရောက်ရှိလာတဲ့ ဝင်ပေါက်ကိုစောင့်ကြပ်နေတဲ့ Sentinel လိုခေါ်တဲ့ကင်းစောင့်ကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ အသေးစိတ်စောင့်ကြည့်လိုက်ပါဦးနော်။

You May Also Like