အကြောက်လွန်ရောဂါခံစားနေတဲ့ အီဒန် တစ်ယောက် သူရဲ့ရောဂါအခြေအနေနဲ့ပက်သက်ပြီး ဆရာဝန်နဲ့တိုင်ပင်တယ် ၊ဆရာဝန်ကသူကို တစ်ပတ်တိတိ လေ့လာမှုလုပ်မယ်ဆိုပြီး သူပတ်ဝန်းကျင်နဲ့အဆင်အသွယ်ဖြတ်ပြီး တောအုပ်ထဲကနေရာတစ်ခုမှာ ထားလိုက်တယ် ၊ အီဒန်က ညတိုင်းညတိုင်း အကြောက်လွန်တဲ့စိတ်ကို ခံစားနေရတယ် သူရဲ့နောက်ကို တစ်ယောက်ယောက်လိုက်နေသလိုခံစားရတယ် အိပ်မက်ဆိုးတွေမက်တယ် ဒါပေမယ့် ဒီအိပ်မက်ဆိုးတွေကအပြင်မှာ တကယ်လက်တွေ့ဖြစ်နေသလိုပဲ ပြီးတော့ သူမှာ လိင်တူရည်းစားဖြစ်တဲ့ အမျိုးသားတစ်ယောက်ရှိသေးတယ် သူတို့ကြားမှာ ဘာတွေဖြစ်ခဲ့လို့အီဒန်တစ်ယောက် အကြောက်လွန်ရောဂါကိုခံစားနေရတာလဲ၊ဒီတစ်ပတ်တာ ကာလအတွင်းမှာရော အီဒန်တစ်ယောက်တည်း ဖြတ်သန်းသွားနိုင်မှာလား သူရဲ့အိပ်မက်တွေမှာ အပြင်မှာတကယ်ဖြစ်နေသလိုခံစားနေရတယ်ဆိုတဲ့အရာရဲ့နောက်ကွယ်က ဘာတွေလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကား တစ်ကားအဖြစ်ညွှန်းလိုက်ရပါတယ်