The Underdoggs

Jaycen Jennings ဆိုတဲ့ဘောလုံးကစားသမားတစ်ယောက်ဟာငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုတွေကိုရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မောက်မာမှု ရိုင်းစိုင်းမှုတွေကြောင့် လူမုန်းများတဲ့သူလဲဖြစ်နေပါတယ်။ 

တစ်နေ့မှာ Jaycen ဟာ အက်ဆီးဒင့်တစ်ခုဖြစ်ပြီး သူ့ရဲ့ငယ်မြိုလေးကိုပြန်ရောက်သွားကာ အံ့ဩစရာကောင်းတဲ့ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ဖိုဖြစ်လာပါတော့တယ်။ Jaycen ဟာမထင်မှတ်ဘဲနည်းပြတစ်ယောက်ဖြစ်လာခဲ့ပြီး ထိုအရာကဘဲ သူ့ဘဝကိုတစ်ဆင့်ချိုးပြောင်းလဲစေခဲ့ပါတယ်။

ဘဝမှာဘယ်လောက်ဘဲကောက်ကျစ်ယုတ်မာမှုတွေနဲ့ကြုံရပါစေ ကိုယ့်ဘက်ကမယုတ်မာဘဲ ဘယ်လိုအနိုင်ယူမလဲဆိုတာကိုကောင်းကောင်းပညာပေးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

တပည့်တွေအပေါ်မှာထားတဲ့ဆရာတစ်ယောက်ရဲ့စိတ်ထားကို‌ေဖာ်ပြတဲ့ဇာတ်ဝင်ခန်းကလဲရင်ထဲထိစေမှာအမှန်ပါဘဲ။ 

2024 မှာအသစ်စက်စက်ထွက်ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးတစ်ခါလောက်တော့ ကြည့်ဖြစ်အောင်ကိုကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါဘဲ။ ရီစရာမောစရာကြည်နူးစရာအပြည့်နဲ့ ရသစုံစွာကြည့်ရှုရမှာဘဲဖြစ်ပါတယ်။

You May Also Like